Monday, November 30, 2015

C++ : Basic (2)


Visual Studio နှင့် Eclipse: Luna တို့ရဲ့ installation အသေးစိတ်ကိုတော့ Basic ပိုင်းမို့ အကျယ်တဝင့် မဖေါ်ပြ တော့ပါဘူး။ လိုအပ်ချက် အနေနဲ့ သိထားသင့်တာလေးကတော့ Visual Studio တင်တဲ့အခါမှာ တင်မယ့် Version အလိုက် လိုအပ်တဲ့ Dot Net Framework ကို တင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ Eclipse ကို တင်ရင်တော့ Java Virtual Machine( Java Runtime Environment) ရှိထာားဖို့ လိုအပ်မှာပါ။ 

Visual Studio တင်တဲ့ အခါမှာ Dot Net Framework အသင့် ပါလာတာမျိုးလည်း ရှိတတ်ပါတယ်။ ပါလာရင်တော့ တင်တဲ့အခါမှာ အထစ်အငေါ့ မရှိ သာမာန် အတိုင်း တင်သွားရင် ရပါတယ်။ Eclipse: Luna တင်ရင်တော့ MinGW GCC Compiler သို့မဟုတ် Cygwin GCC Compiler တို့ကဲ့သို့ Compiler တစ်မျိုးမျိုး တင်ဖို့ လိုအပ်ပါတယ်။ တင်ပုံတင်နည်း အနေနဲ့ Visual Studio ကဲ့သို့ အလွယ်တကူ မဟုတ်ဘဲ အနည်းငယ် ရှုပ်ထွေးပြီး အဆင့်များပါတယ်။ အဲဒါကြောင့် Basic Level အနေနဲ့ တင်ရလွယ်ကူပြီး သုံးရတာ အဆင်ပြေမယ့် Visual Studio အသုံးပြုပြီး Create လုပ် ရေးသားတာတွေပဲ ဆက်လက် ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

1.2    Creating a project

Program တစ်ခုကို စရေးတော့မယ် ဆိုရင်တော့ Project တစ်ခုကို စတင် တည်ဆောက်ဖို့ မလွဲမသွေ လိုအပ် ပါတယ်။ တည်ဆောက်နည်းကတော့ -
  • File >> New >> Project
  • Project types: ကို Visual C++ ရွေး ၊ Templates: မှာ Win32 Console Application ကို ရွေး
  • Name မှာ Project Name ကို ရေးပါ ၊ Location ရွေးချယ်လိုပါက သတ်မှတ်ပေး
  • Create directory for solution ကို အမှန်ခြစ် ဖြုတ်ပေး
  • Win32 Application Wizard – Project Name ဖြင့် Windows တွင် Next ကိုနှိပ်
  • Applicaton type တွင် Console application ၊ Additional options တွင် Empty project အသီးသီး ရွေးချယ်ပေးပြီး Finish ကိုနှိပ်ပြီး တည်ဆောက်မှုကို အောင်မြင်စွာ အဆုံးသတ်နိုင်ပါတယ်။

1.3    Creating C++ Program

Project ကို တည်ဆောက်နိုင်ပြီ ဆိုရင်တော့ ရေးလိုတဲ့ ပရိုဂရမ်ကို ထပ်မံ တည်ဆောက်ပါမှ စတင် ရေးလို့ ရမှာ ဖြစ်ပါတယ်။ Program ဖိုင်ကို တည်ဆောက်မယ် ဆိုရင်တော့
  • Project ကို ဖွင့် ၊ Source Files မှာ R-click ခေါက်ပြီး Add >> New Item ကို ရွေး
  • Categories: ကို Visual C++ ရွေး ၊ Templates: မှာ C++ File (.cpp) ကို ရွေး
  • Name မှာ Program Name ကို ရေးပြီး Add ကို နှိပ်ပြီး ရင်တော့ မိမိရေးလို့တဲ့ Program ကို စတင် ရေးဖို့ အဆင်သင့် ဖြစ်နေပြီလို့ သတ်မှတ်လို့ ရပါပြီ

Sunday, October 25, 2015

How to Fix IDM Fake Serial Pop-Up


Internet Download Manager ကို crack လုပ်ထားတယ်၊ ဒါမှမဟုတ် patch လုပ်ထားတယ်၊ ဒါပေမယ့် software က ဘယ်လိုမှ registered version ဖြစ်မသွားဘဲ Fake Serial ဖြစ်နေပါတယ် ဆိုပြီး အောက်ကပုံလို တက်တက် လာလို့ စိတ်ညစ်နေရတာမျိုးတွေ ရှိခဲ့ရင်တော့ အခုပေးတဲ့ နည်းတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။


ပထမနည်း
  1. ပေးထားတဲ့ Link ကို သွားပြီး လိုအပ်တဲ့ IDM Fake Fixed ဆိုတဲ့ ဖိုင်ကို Download လုပ်ပါ။
  2. ရလာပြီးဆိုရင် ချုပ်ထားတဲ့ zip ဖြည်ချ ပြီး ရလာတဲ့  “Reset (Fixed).exe” ကို R-click ခေါက်ပြီး "run as administrator" ကို ရွေးပြီး run လိုက်ပါ။
  3. တက်လာတဲ့ ပရိုဂရမ်မှာ Trail Reset ဆိုတဲ့ Tab ကို ခေါက်လိုက်ပါ။
  4. ပေါ်လာတဲ့ နေရာမှာ "Automatically" ဆိုတဲ့ နေရာလေးကတော့ အလွတ်အတိုင်း ရှိပါစေ။
  5. အားလုံး သေချာပြီ ဆိုရင်တော့ “Reset the IDM trial now” ကို နှိပ်ပြီး ခဏစောင့်ကြည့်လိုက်ပါ။ အဲဒါဆို တက်တက်လာနေတဲ့ Fake Serial Pop-up နောက်ဆို တက်လာတော့မှာ မဟုတ်ပါဘူး။
        Link 1          Link 2


ဒုတိယနည်း
  1. Windows Key + R ကို တွဲနှိပ်ပြီး Run ပရိုဂရမ်ကို ခေါ်လိုက်ပါ။
  2. Open ရဲ့ဘေးမှာ "regedit" ကို ရိုက်ထည့် Enter ခေါက်ပြီး Registry Editor ကို ခေါ်လိုက်ပါ။
  3. ဘယ်ဘက် Column မှာ HKEY_CURRENT_USER ကို ရှာပြီး HKEY_CURRENT_USER\Software\DownloadManager အထိရောက်အောင် ဖြည်ချလိုက်ပါ။
  4. ညာဘက်မှာ သက်ဆိုင်ရာဖိုင်တွေ အများကြီး တွေ့ရမှာဖြစ်ပြီး “CheckUpdtVM” ကို ရှာပြီး D-Click ခေါက်ပါ။
  5. တက်လာပြီ ဆိုရင်တော့ value data နေရာမှာ ရှိတဲ့ တန်ဖိုးကို '0' (သုည) သို့ ပြောင်းပြီး 'OK' နှိပ် အတည် ပြုလိုက်ပါ။ Fake Serial Pop-up နောက်ဆို တက်လာနိုင်တော့မှာ မဟုတ်ပါဘူး။
 

Thursday, August 27, 2015

Fixing Icon Problems


Desktop ပေါ်က Icon တွေ ပုံမှန် အတိုင်း မပေါ်တော့တာတွေ၊ အလွယ်တကူ သုံးရအောင် Taskbar ပေါ်ကို pin to taskbar လုပ်ပြီး တင်ထားတဲ့ Icon က ပေါ်သင့်တဲ့ ပုံမပေါ်ဘဲ ရှိတာတွေ ဖြစ်လေ့ ရှိတတ်ကြပါတယ်။ Icon နဲ့ ပတ်သက်တဲ့ Database ဖိုင်လေးနဲ့ ပတ်သက်ပြီး ပြသနာ ရှိတာပါ။ အောက်မှာ ပြောထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ယူသွားရင် အဆင်ပြေသွား ပါလိမ့်မယ်။

  1. အရင်ဆုံး Hidden ဖိုင်တွေကို မြင်ရမှ အဆင်ပြေမှာ ဖြစ်တဲ့ အတွက် မြင်ရအောင် လုပ်ဖို့ Control Panel ထဲက Folder Option ကို သွားပါ။ 
  2. View အောက်က "Show hidden files, folders or Drives" ကို အမှန်ခြစ် ပေးပြီး Apply, OK နှိပ်ပါ။ အဲဒါဆိုရင် ဖျောက်ထားတဲ့ ဖိုင်တွေကို မြင်ရပါပြီ။ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ "Restore to default" ကို နောက်တစ်ကြိမ် လာနှိပ်ပြီး ပြန်ဖျောက်လို့ ရပါတယ်။
  3. လုပ်ငန်း စလို့ ရပြီဆိုတော့ Windosw Key နှင့် R ( Win+R) ကို တွဲနှိပ်ပြီး Run Windows ကို ခေါ်ပါ။
  4. "appdata" ဟု ရိုက်ထည့်ပြီး Enter ခေါက်ပါ။ 
  5.  "Local" Folder ထဲကို ဆက်ဝင်ပြီး အထဲမှာ ရှိနေတဲ့ "IconCache.db" ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါ။
  6. ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ ပြန်တက် လာရင်တော့ ပုံမှန် အတိုင်း အဆင်ပြေနေတဲ့ Icon လေးတွေကို ပြန်တွေ့ရမှာပါ။

Wednesday, July 8, 2015

Direct X File Missing Problems Fix

 
d3dx9_43.dll ဆိုတဲ့ ဖိုင်လေး မရှိလို့ ဆိုပြီး တင်လိုက်တဲ့ Game တွေ မဆီမဆိုင် ဆော့မရတာ မကြာခဏ ကြုံကြမှာပါ။ တင်တဲ့ Game ကို တင်လိုက်ဖြုတ်လိုက်နဲ့ နောက်ဆုံး Windows ကိုပါ ရောပြီး ပြသနာ ရှာမိတတ် ကြပါတယ်။ အဓိက ပြသနာရဲ့ အဖြေက Game ဖိုင်နဲ့ Windows မဟုတ်ပါဘူး။ အနောက်ပိုင်းက Graphic အထောက်အပံ့ ဖြစ်တဲ့ Direct X လို့ ခေါ်တဲ့ Program နဲ့ သက်ဆိုင်တာပါ။ 

ပြသနာက Direct X မရှိလို့၊ ရှိရင်လည်း Version မကိုက်လို့ ဒီအခြေအနေ ကြုံရတာပါ။ အဲဒီ လိုအပ်တဲ့ ဖိုင်လေးကို ရှာပြီး လိုအပ်တဲ့ နေရာကို ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ။ ဖိုင်ကိုတော့ http://www.dll-files.com/ မှာ Download လုပ်လို့ ရပါတယ်။ တင်မဲ့ စက်နဲ့ ကစားမယ့် Game လိုအပ်မှု ပေါ်မူတည်ပြီး error file အမည် ကွာမှာပါ။ ဥပမာ d3dx9_43.dll မဟုတ်ဘဲ d3dx9_25.dll ဖြစ်နေတတ်တာ စသဖြင့်ပေါ့။ d3dx9_xx.dll ဒီလို ပုံစံဆိုရင်တော့ ခုလို ဖြေရှင်းလိုက်တာနဲ့ အဆင်ပြေ သွားမှာပါ။

ဖြေရှင်းရမှာက လိုအပ်တဲ့ ဖိုင်ကို Download ဆွဲပြီး C:\Windows\System32 မှာ သွားထည့်ပေး ရမှာပါ။ ကိုယ်က Computer နဲ့ သိပ်မရင်းနှီးသူ ဆိုရင်တော့ အဲဒီ လိပ်စာက ဖိုင်တွေကို သွားပြီး မထိတာက ပိုကောင်းမှာပါ။ အဲဒီတော့ ခုပေးတဲ့ နည်းလေးနဲ့ လုပ်လိုက်ပါ ပြသနာ ကင်းကင်းနဲ့ အဆင်ပြေ ပါလိမ့်မယ်။ လိုအပ်တဲ့ ဖိုင်က DirectX end-user runtime installer ကို လိုတာပါ။ 

  1. Microsoft Download Center ကို သွားပါ။ 
  2. Search Box မှာ DirectX end-user runtime installer ရိုက်ထည့်ပြီး Search ကို နှိပ်ပါ။
  3. DirectX end-user runtime web inistaller ကို Download ဆွဲပြီး Install လုပ်လိုက်ပါ။
  4. Web Installer ဖြစ်တဲ့အတွက် Internet လိုမှာပါ။ လိုအပ်တဲ့ ဖိုင်တွေ ထပ်ဆွဲရမှာ မို့လို့ပါ။
  5. လိုင်းမကောင်းတာ သိမ်းထားချင်တာ ဆိုရင်တော့ Offline Installer ကို Download လုပ်ပါ။
  6. Download ပြီးသွားရင်တော့ Install ပြုလုပ်ပြီး နှစ်သက်ရာ Game ကို Run နိုင်ပါပြီ။

Monday, June 29, 2015

Ressting / Removing Windows Administrator Password



Windows အကုန်လုံးမှာ အဆင်ပြေမယ့် နည်းလေးပါ။ Windows Live CD(BartPE, Hiren's) လေး လိုပါမယ်။ ကိုယ်တိုင် လုပ်ယူလည်း ရပါတယ်။ ဆိုင်တွေမှာ ဝယ်ရင်လည်း ရပါတယ်။ ဒီဆိုဒ်ကနေ မှာယူရင်လည်း ရပါတယ်။ CD အကြောင်း အသေးစိတ် ကတော့ ဟောဒီစာမျက်နှာ(Widndows Live CD) မှာပါ။ ဒီ CD ကို သုံးရတာကတော့ Windows တင်ထားတဲ့ Drive ထဲကို ဝင်ဖို့ လိုလို့ပါ။ ဥပမာ C:\Windows\ ဆိုတဲ့ နေရာကို သွားလို့ရမှ နောက်ပိုင်းကို ဆက်လုပ်လို့ ရနိုင်မှာပါ။


Windows Live CD ကို CD/DVD Drive ထဲထည့်ပြီး Boot လုပ်ပါ။ CMOS သို့ Boot Manager ကနေ Boot Sequence ကို ပြောင်းပေးဖို့ လိုကောင်း လိုပါလိမ့်မယ်။
ခဏစောင့်ပြီးလို့ Live CD ထဲက Widows တက်လာပြီ ဆိုရင်တော့ CD ထဲမှာ ပါပြီးသား Software လေးတွေကို သုံးပြီး မေ့နေတဲ့ Password ကို ကိုယ်လိုသလို ထိန်းချုပ်လို့ ရပါပြီ။
ဥပမာ- Password ကို Reset လုပ်မယ် ဆိုပါတော့။ ပါလာတဲ့ Password Renew Software ကို ဖွင့်ပြီး Select a target ကို နှိပ်ပြီး Windows Directory ကို ညွှန်ပေးပါ။


ကိုယ်ထည့်ပေးတဲ့ လမ်းကြောင်းကို လက်ခံပြီ ဆိုရင်တော့ ဘယ်ဘက်က Select a task အောက်က Create New Administrator User ကို နှိပ်ပြီ Username နှင့် Password တွေ ပေးပါ။
ပြီးရင်တော့ Select a action အောက်က Install ကို ရွေးလိုက်ပြီး အောင်မြင်ရင် စက်ကို Reboot(Restart) လုပ်လိုက်ပါ။
ပြန်တက်လာရင် ကိုယ်ခုနက Create လုပ်ထားတဲ့ Account ထဲကိုဝင်ပြီး Control Panel ထဲကနေ ကိုယ် Reset လုပ်ချင်တဲ့ Account ကို Password Reset ပြုလုပ်လိုက်ရုံပါပဲ။

Saturday, June 27, 2015

Windows Live or Rescue CD


တစ်ခါ တစ်ရံမှာ သိပ်အသုံး ဝင်တဲ့ ပစ္စည်လေးပါ။ ကိုယ့် Computer က Windows မတက်တော့ဘူး။ စက်ထဲမှာက အရေးကြီး အချက်အလက်တွေ ယူချင်သေးတယ်။ ဒါမှ မဟုတ် ကိုယ်ပေးထားတဲ့ User Account ရဲ့ Password ကိုယ်မေ့နေလို့ ဖွင့်မရတော့တဲ့ အခါတွေမှာ Password ကို ပြန်ပြီး Reset လုပ်ဖို့။ နောက်ဆုံး သူများ Computer က Password နဲ့ ပိတ်ထားတာကို ကိုယ်ကနေပြီး Password မေးစရာ မလိုဘဲ ဝင်ပြီး လုပ်စရာ ရှိတာကို လုပ်ဖို့ လိုတဲ့ အခါတွေမှာ သိပ်အသုံး တည့်မှာပါ။ သုံးရတာ လွယ်ကူပြီး Bootable CD အနေနဲ့ရော Bootable USB အနေနဲ့ရော သုံးလို့ ရနိုင်တဲ့အတွက် အရမ်း အဆင်ပြေပါတယ်။ Computer သုံးပြီး အလုပ် လုပ်နေသူတွေ ဆောင်ထားသင့်ပါတယ်။ 

သုံးစွဲပုံလေးကတော့ CD ဆိုရင် Drive ထဲထည့်ပြီး CD Drive ထဲကနေ Boot လိုက်ယုံပါပဲ။ USB ဆိုရင်တော့ USB Interface မှာ တပ်ပြီး USB Removable Drive ကနေ Boot ယူရမှာပါ။ Boot မဲ့ Computer ကတော့ USB Boot ကို Support ပေးနိုင်မှ ရမှာပါ။ လိုအပ်ရင်တော့ CMOS Setting ထဲ ဝင်ပြီး Boot Sequence ကို သင့်တော်ရာ ပြောင်းပေးဖို့ လိုအပ်ပါလိမ့်မယ်။

အဓိက အားသာချက်ကတော့ Password Resetter ကဲ့သို့ အသုံးတည့်မယ့် Software တွေကို တစ်ခါတည်း Install ပြုလုပ် ထည့်သွင်းထားလို့ ရနိုင်တာပါပဲ။ အဲဒီတော့ အစောက ပြောခဲ့သလို အခက်အခဲတွေ ဖြစ်တဲ့ အခါမှာ အလွယ်တကူ ပြန်ဆယ်လို့ ရတာပေါ့။ Download ဆွဲလိုသူတွေ ကတော့ ဒီနေရာကနေ ယူလို့ ရပါတယ်။ ဆွဲပြီး ရလာတဲ့ ဖိုင်ကို CD သို့မဟုတ် USB ပြန် Burn ယူရမှာပါ။ အလွယ်တကူ Ready Made လိုတယ် ဆိုရင်တော့ Computer CD အရောင်းဆိုင်တွေမှာ မေးမြန်း ဝယ်ယူလို့ ရပါတယ်။ ရှာရတာ ပင်ပန်း နေမှာ စိုးရင်တော့ ဒီဆိုဒ်ထဲက Store ထဲမှာတင် ဝင်မှာယူလို့ ရပါတယ်။ 

Windows 7 Live CD ဆိုပေမယ့် Windows အားလုံးကို အဆင်ပြေပြေ ဖွင့်ပေးနိုင်ပါတယ်။ Windows XP, Vista, 7, 8, 8.1, 10 ဘယ် Windows တင်ထားတဲ့ Computer ပဲဖြစ်ဖြစ် 32Bits, 64Bits ရွေးစရာ မလိုဘဲ အလွယ်တကူ အသုံးပြုလို့ ရပါတယ်။

Tuesday, June 16, 2015

C++ : Basic (1)


Chapter 1 : Introduction

Program ဆိုတာက Data ဆိုတဲ့ အချက် အလက် တွေနှင့် Algorithm ဆိုတဲ့ လုပ်ငန်းစဉ် နည်းနာ တွေကို လှလှပပ ပေါင်းစပ် ထားပြီး ဖြစ်လိုတဲ့ လုပ်ဆောင်ချက်တွေ လုပ်ပေးနိုင်အောင် အတွေးအခေါ် ကောင်းကောင်းဖြင့် စနစ်မှန်မှန် စီစဉ်ထားတဲ့ အစီအစဉ် ကောင်းတွေပဲ ဖြစ်ပါတယ်။

 Program = Data + Algorithm + Thinking

C++ Program ကတော့ ရိုးရှင်း လွယ်ကူပြီး အသုံးများတဲ့ Programming Language တစ်ခု ဖြစ်ပါတယ်။ C++ Program တစ်ခုကို အခြေခံ အားဖြင့် Object, Function, Variable စတဲ့ အစိတ်အပိုင်း တွေနဲ့ ဖွဲ့စည်း တည်ဆောက် ထားလေ့ ရှိပါတယ်။ Program အတွင်း မှာတော့ အထက်က ပြောခဲ့တဲ့ အစိတ်အပိုင်း တွေကို သုံးပြီး Function လုပ်ဆောင်ချက် တွေဖြစ်အောင် ဖန်တီးထားတာပါ။ တည်ဆောက် ထားသော Function တစ်ခု ထက်ပိုပါနိုင်ပြီး Main Function ကတော့ မပါမဖြစ် ပါရှိရမည့် Function တစ်ခု ဖြစ်ပါတယ်။

အခြေခံ အားဖြင့် Program ကို Text Editor( Notepad, Microsoft Word) တစ်ခုခုဖြင့် ရေးသားနိုင်ပြီး Compiler တစ်ခုခုဖြင့် output ကို ထုတ်ယူ ကြည့်ရှု နိုင်ပါသည်။ သို့ရာတွင် SDK( Software Development Kit) တစ်ခုခုကို အသုံးပြု ရေးသားလေ့ ရှိကြပြီး Visual Studio, Eclipse တို့မှာ features စုံပြီး အသုံးများသည့် SDK များ ဖြစ်ကြပါတယ်။


Visual Studio သည် Installation ပြုလုပ်ရာတွင် လွယ်ကူပြီး Eclipse မှာ Installation ပြုလုပ်ရန် မလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်ပါသည်။ Visual Studio တွင် Compiler မှာ ပါဝင်ပြီးသား ဖြစ်သော်လည်း Eclipse မှာမူ Compiler ကို သီးသန့် ထပ်မံ install ပြုလုပ်ပြီး ချိတ်ဆက်ပေးရန် လိုအပ်ပါသည်။ Dotnet နှင့် Java စသဖြင့် အခြေခံထားတဲ့ Framework မတူညီ သလို အထောက်အပံ့ ပေးနိုင်မှု တွေမှာလည်း ကွားခြားချက် လေးတွေ ရှိပါတယ်။ တစ်ခုခုက ပိုကောင်းတာမျိုး မဟုတ်ဘဲ နှစ်သက်ရာကို သုံးစွဲနိုင်ပါတယ်။




Visual Studio ကို သုံးမယ် ဆိုရင်တော့ Microsoft Visual C++ ကို အသုံးပြု ရမှာ ဖြစ်ပြီး Eclipse ကို ရွေးချယ်မယ် ဆိုရင်တော့ Eclipse Luna ကို အသုံးပြု ရမှာ ဖြစ်ပါတယ်။ Visual Studio အတွက် လိုအပ်တဲ့ Dotnet Framework ရှိထားရမှာ ဖြစ်ပြီး Eclipse Luna အတွက် Java Virtual Machine လိုအပ်မှာ ဖြစ်ပါတယ်။
Visual Studio ကို အသုံးပြုတဲ့ အခါမှာ Compiler ဖြစ်တဲ့ Dotnet ရဲ့ ထောက်ပံ့ပေးမှုက Eclipse ကို အသုံးပြုတဲ့ အခါမှာ အထောက်အပံ့ ပေးထားတဲ့ Compiler တွေနဲ့ မသိမသာရော သိသိသာသာပါ ကွာခြား နေတာတွေ တွေ့ရပါတယ်။ ရင်းနှီးလာပြီ ဆိုရင်တော့ ပိုပြီး မြင်သာထင်သာ သတိထားမိ လာနိုင်ပြီး ကိုယ့်ရဲ့ လိုအပ်ချက် အတိုင်း အကောင်အထည် ဖေါ်နိုင်မှာ ဖြစ်ပါတယ်။

 

အဲဒီတော့ ဆက်လက် ဖေါ်ပြ ပေးသွားမယ့်  Program တွေရဲ့ ရေးပုံရေးနည်း နှင့် output တွေဟာ မိမိ အသုံးပြုတဲ့ SDK, Framework နှင့် Compiler ပေါ်မူတည်ပြီး အနည်းငယ် ကွဲပြားခြားနားမှု ရှိနိုင်ပါကြောင်း ကြိုတင် အသိပေးရင်း စလိုက်ကြရအောင်...

Wednesday, June 3, 2015

Internet Download Manager Solution



Internet Download Manager(IDM) မှာ တစ်ခါတစ်လေ Browser က ဗီဒီယိုနဲ့ သက်ဆိုင်ရာ Download လုပ်ဖို့ ဖိုင်မဆွဲ တာတွေ ဖြစ်တတ်ပြီး တင်လိုက် ဖြုတ်လိုက် ဘယ်လို လုပ်လုပ် အဆင် မပြေ တာတွေ ရှိတတ် ပါတယ်။ အမှန်ကတော့ Browser ကသိအောင် လုပ်ပေးတဲ့ Plug-in ဆိုတဲ့ Software Program က အဆင် မပြေ ဖြစ်နေတတ်တာပါ။ အဲဒါကို သက်ဆိုင်ရာ Browser ရဲ့ Add-on မှာ သွားကြည့်မှ သိမှာပါ။

Mozilla Firefox ဆိုရင် Tools >> Add-ons ဆိုတဲ့ နေရာမှာ သွားကြည့်ရမှာပါ။ အလွယ်ဆိုရင်တော့ Ctrl + Shift + A တွဲနှိပ်ပြီး သွားကြည့်လို့ ရပါတယ်။ ရောက်ရင်တော့ Extensions ကို သွားကြည့် လိုက်ရင် IDM CC ဆိုတဲ့ Software Plug-in လေးကို တင်ထားတဲ့ version အလိုက် တွေ့ရမှာပါ။ အဲဒီ Version က သုံးနေတဲ့ Mozilla Firefox ရဲ့ Version နဲ့ အဆင်ပြေတဲ့ Version မဟုတ်ရင် အလုပ် မလုပ်တော့ တာပါ။

ဖြေရှင်း ဖို့ကတော့ လွယ်ပါတယ်။ သင့်တော်တဲ့ Version ကို တင်ပေးဖို့ပါ။ ရှာပြီး Download လုပ်တင် ရင်လည်း ရပါတယ်။ စိတ်အေးရပြီး လွယ်တဲ့ နည်းကတော့ -
  1. getidmcc.com ကို သွားပါ။
  2. အလယ်နားက install button အစိမ်းလေးကို နှိပ်ပါ။
  3. Address bar မှာ pop-up လေး ပေါ်လာရင် Allow ကို နှိပ်ပေးပြီး ပြီးအောင် စောင့်ပါ။
  4. ပြီးသွားရင်တော့ အလယ်မှာ install လုပ်ဖို့ windows တက်လာရင် install now ကို နှိပ်လိုက်ပါ။
  5. နောက်ဆုံး လုပ်ရမှာတော့ install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။
သင့်တော်ရာ Version ကို တင်ပေးတာ ဖြစ်တဲ့အတွက် 100% နီးပါး အဆင်ပြေမှာပါ။ ဒါတောင် အဆင် မပြေ သေးဘူး ဆိုရင်တော့ Firefox က သစ်လွန်းနေတာ မို့လို့ပါ။ Firefox ကို Version နဲနဲ ပြန်နှိမ့်ပြီး တင်ရင် သေချာပေါက် အဆင်ပြေမှာပါ။

Monday, June 1, 2015

DotNet 3.5 Offline Installing

Graphic Quality ကောင်းကောင်းတောင်းတဲ့ Game တွေ၊ Software တွေ (ဥပမာ AutoCADတို့လို) မှာ ဖြစ်တတ်တဲ့ DotNet 3.5 လိုအပ်နေတယ် ဆိုတဲ့ အခက်အခဲလေးပါ။ အခက်အခဲ ဆိုတာက ကိုယ့်နိုင်ငံမှာ အင်တာနက်ကို အလွယ်တကူ မသုံးရတာ၊ မသုံးစွဲ နိုင်တာကြောင့် ဖြစ်ရတာမို့လို့ပါ။

ဒီအခက်အခဲကို ဖြေရှင်းဖို့အတွက် လိုအပ်တဲ့ ဖိုင်ကို Download လုပ်ပြီး install လုပ်မယ်ဆိုလည်း အဆင်မပြေပါဘူး။ အခြား နည်းလမ်း တွေလည်း ရှိနေနိုင်ပေမယ့် လုံးဝ အဆင်ပြေနိုင်တဲ့ နည်းလေးပါ။ 
  1. Windows ခွေကို ထည့်ပါ။ (Windows 7, 8, 8.1) အကုန်ရပါတယ်။ ပြင်ထားတဲ့ ခွေဆိုရင်တော့ မပါတတ်တာတွေ ရှိပါတယ်။
  2. Windows Common Prompt ကို Run as administrator ဖြင့် ဖွင့်ပါ။ (R-Click)
  3. အောက်မှာ ပေးထားတဲ့ စာကြောင်းကို အားလုံး မှန်ကန်အောင် ရိုက်ထည့်ပါ။                                                   "Dism /online /enable-feature /featurename:NetFx3 /All /Source:F:\sources\sxs /LimitAccess"
  4. F: မှာ DVD Drive letter ကို ဆိုလိုခြင်း ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦး မတူနိုင်သဖြင့် မှန်ကန်စွာ ရိုက်သွင်းပြီး Enter ခေါက်ပါ။
  5.  အောက်က ပုံလေးကို ကြည့်ပြီး ကိုးကားနိုင်ပါတယ်။ 100% ပြည့်အောင် စောင့်ပါ 100% အောင်မြင် တာကို တွေ့ရပါလိမ့်မယ်။
-

Sunday, May 31, 2015

AutoCAD Fatal Error: Unhandled Access Violation


FATAL ERROR: Unhandled Access Violation Reading 0x001c Exception at 579e9738h

Auto CAD program ရဲ့ graphic ပိုင်းဆိုင်ရာ ပုံဖေါ်ပေးမှု ကောင်းမွန်ရန်အတွက် လိုအပ်သော power သုံးစွဲမှု နှင့် System မှ ခွဲဝေပေးနေသော power distribution setting အကြား အပေးအယူ မတည့်ရာ ကနေ ပေါ်ထွက်လာတဲ့ ပြဿ     နာပါ။

လုပ်ဆောင်ရမှာက Auto CAD program ရဲ့ ပါဝါသုံးစွဲမှုကို နှိမ့်ပေးရမှာပါ။ System setting မဟုတ်တဲ့ အတွက် တစ်ယောက်နှင့် တစ်ယောက် မတူညီနိုင်ပါဘူး။ Nvidia, AMD RADEON အစရှိတဲ့ graphic တွေရဲ့ control setting ထဲကို ဝင်ပြီး ပြင်ပေးရမှာပါ။

ဥပမာ - AMD RADEON HD 8600M Series တပ်ဆင်ထားတဲ့ DELL Inspiron 3537 စက်ပေါ်မှာ Auto CAD 2010, Auto CAD 2013 နှစ်ခု စလုံးမှာ performance ကို High Performance နဲ့ run လို့လုံးဝမ ရဘဲ လက်ရှိ error ပြနေတာပါ။ ပြင်ဖို့ကတော့ 
  1. Desktop မှာ R-Click ခေါက်ပြီး Configure Switchable Graphics ထဲဝင်လိုက်တယ်။ 
  2. acad.exe ကို ရှာလိုက်တယ်။ 
  3. သူ့ရဲ့ graphic setting နေရာမှာ High Performance, Power Saving နှင့် Base on Power Socurce သုံးခုထဲကနေ Power Saving ကို ရွေးလိုက်တယ်။
  4. apply လုပ်ပြီး ပြန်ထွက်လိုက်တာနဲ့ auto CAD ကို run ရတာ အဆင်ပြေသွားရော။