Thursday, September 10, 2015

LED Flasher with BC547 Switching Transistor


LED Flasher Circuit တွေ အများကြီး ရှိတဲ့ အထဲမှာ ယခု Circuit လေးက ရှင်းလင်းပြီး နားလည်ရ လွယ်ကူတဲ့ Circuit အမျိုးအစားလေးပါ၊ Circuit မှာ အသုံးပြုထားတဲ့ Capacitor ရဲ့ အလုပ်လုပ်ပုံကိုလည်း ပိုပြီး ရှင်းရှင်း လင်းလင်း နားလည် စေနိုင်တဲ့ Circuit ပါ။ 

သုံးထားတဲ့ ပစ္စည်းတွေကတော့
  1. Resistors - 30K x 2, 300 x 2
  2. LED - Red x 2
  3. Capacitor - 100uF x 2
  4. Transistors - BC547 x 2
Circuit ကို 9V DC ဖြင့် မောင်းနှင် ထားပြီး Schematic Diagram ကိုတော့ Proteus ISIS ဆော့ဖ်ဝဲနှင့် ဆွဲထား တာပါ။ ပုံထဲမှာတော့ အလုပ်လုပ်ပုံကို ပိုမို ပီပီပြင်ပြင် သိအောင်လို့ Ammeter လေးတွေ အပို ထည့်သုံးထား တဲ့အတွက် နည်းနည်း ရှုပ်သလို ထင်ရပေမယ့် တကယ်တမ်းကတော့ ရိုးရိုးရှင်းရှင်း လေးပါပဲ။ Circuit မှာ သုံးထားတဲ့ 30K Resistor တန်ဖိုးကို လျှော့လိုက်မယ် ဆိုရင်တော့ LED တွေဟာ Capacitor က Charging and Discharging ပုံစံကို မလုပ်နိုင် တော့တဲ့ အတွက် လှုပ်ရှားတော့မှာ မဟုတ်ပါဘူး။ သက်ဆိုင်ရာ တန်ဖိုး တွေကို အတိုးလျော့ လုပ်ပြီး နားလည်အောင် စမ်းသပ် ကြည့်သင့်ပါတယ်။
 

အလုပ်လုပ်ပုံကတော့ စတင်ပြီး run တဲ့ အချိန်မှာ 30K Resistance တွေကို ဖြတ်စီးလာတဲ့ Current တွေက BC547 Switching Transistor တွေကို မောင်းပေးနိုင်တဲ့ အတွက် Transistor တွေက On သွားပါတယ်။ အဲဒီ အချိန်မှာ LED တွေက ပတ်လမ်း ပြည့်သွားတဲ့အတွက် 300 Resistance တွေကို Current ဖြတ်စီးပြီး ပြိုင်တူ မီးလင်း စေပါတယ် (အပေါ်ပုံ)။ 

အဲဒီနောက် Capacitor တွေက Charging Discharging အလုပ်ကို ဆက်တိုက် လုပ်ပါတယ်။ Capacitor တစ်လုံး ကတော့ Charging ကို အပြည့်အဝ မလုပ်ရဘဲ Discharging ပြန်လုပ်လိုက်ရတဲ့ အတွက် သူ့နဲ့ ချိတ်ဆက်ထားတဲ့ Transistor အား Current ဆက်လက် ပေးခြင်းကို ရပ်ဆိုင်းလိုက်မှာ ဖြစ်ပါတယ်။ ထို့ကြောင့် အဲဒီ Transistor က off သွားပြီး သက်ဆိုင်ရာ LED ကို ပတ်လမ်း ဖြတ်တောက်ပစ်ပြီး ပိတ်သွားစေပါတယ်။ တစ်ဖက်မှာတော့ Discharging လုပ်နေဆဲ ဖြစ်တဲ့နေရာက LED ဆက်လက် လင်းနေ မှာဖြစ်ပြီး Discharging လုပ်လို့ ကုန်သွားရင်တော့ ထို Capacitor ကို Current ဖြတ်မစီးတော့ဘဲ ခုနက Off နေတဲ့ Transistor ကို Current ပြန်လည် စီးဆင်းစေပါတယ်။ အဲဒီ အချိန်မှာ Transistor ပြန် On သွားတဲ့ အတွက် သက်ဆိုင်ရာ LED အတွက် လမ်းကြောင်း ပြန်ပြည့်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ ရှိနေတဲ့ Capacitor ကလည်း ပတ်လမ်း ပြည့်သွားတာနဲ့ ရောပြီး Discharging ပြုလုပ်ပါတယ်။ ပြုလုပ်ခြင်းရဲ့ အကျိုးဆက်ကတော့ အခြား တစ်ဖက်မှာ On နေတဲ့ Transistor ကို Current မပေးနိုင်တော့ဘဲ Off ဖြစ်သွားစေပါတယ်။ အဲဒီတော့ သက်ဆိုင်ရာ LED လည်း ပတ်လမ်း ပြတ်ပြီး ပိတ်သွားပြန်ရောပေါ့။ အဲလိုနဲ့ပဲ တစ်လှည့်စီ လင်းနေတဲ့ သံသရာက ဆက်တိုက် ဖြစ်သွားတော့တာပါပဲ(အောက်ပုံ)။


တစ်လှည့်စီ လင်းတဲ့ ကြာချိန်ကို ချိန်ညှိချင်ရင်တော့ 30K Resistor နှင့် Capacitor ရဲ့ တန်ဖိုးတွေကို ပြောင်းလဲ ဖို့လိုအပ်မှာ ဖြစ်ပြီး LED မီးလုံး လင်းလွန်း မှိန်လွန်းနေရင်တော့ 300 Resistor ကို တန်ဖိုး ပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ Transistor ကတော့ အခြား Switching Transistor ကိုလည်း ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။

Wire Guage and Amperes Rating


အိမ်မှာ လုပ်ငန်းတွေ လုပ်လို့ စက်ပစ္စည်းတွေ ထပ်ဝယ်ရင် လက်ရှိ ဝါယာကြိုး နဲ့ အဆင်ပြေမပြေ လဲစရာ လိုမလို စတာတွေကို သေချာ စဉ်းစားဖို့ လိုပါတယ်။ အဲလို စဉ်းစားတဲ့ အခါမှာလည်း တတ်သိ နားလည်သော အဖွဲ့အစည်းနှင့် ဆောင်ရွက်သူတွေကို တိုင်ပင်ပြီး ပြုလုပ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ အရောင်းဝန်ထမ်းက ရတယ်ပြောတာနဲ့ ဝယ်ပြီး အသုံးပြု တဲ့ အခါတွေလည်း ရှိခဲ့ဖူးကြမှာပါ။ ပိုက်ဆံ ပိုကုန်သွားပြီး ပိုမို လုံခြုံစိတ်ချ သွားတယ် ဆိုရင်တော့ ပြသနာ မရှိပေမယ့် တစ်ခါတစ်ရံမှာ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကြောင့် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို ပုံမှန် မလုပ်လို့ အန္တရယ် ဖြစ်ကြတာတွေ အပုံကြီး တွေ့မြင်ကြမှာပါ။ 

ဝါယာကြိုးကို အဓိက အားဖြင့် ပါဝင်တဲ့ ဝါယာကြိုး အရွယ်အစား အကြီး အသေးနဲ့ ပါဝင်တဲ့ အရေအတွက် အနည်းအများ အပေါ် မူတည်ပြီး အမြင့်ဆုံး ခံနိုင်ရည်အားကို စဉ်းစားရလို့ပါ။ ဥပမာ - 7/0.044 (ဆဲဗင်း အိုဖိုးဖိုး) လို့ခေါ်တဲ့ အသုံးများတဲ့ မီးကြိုးမှာဆိုရင် 0.044 လက်မ အချင်းရှိတဲ့ ကြေးနီ ဝါယာကြိုး 7 ကြိုး တစ်ပြိုင်နက်တည်း တွဲဆက်ထားတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကြေးနီ ဝါယာကြိုး တစ်ချောင်းဟာ 5 Amps လောက် ခံနိုင်ရည် ရှိတဲ့အတွက် ဟောဒီ 7/0.044 မီးကြိုးစား 35 Amps စီးဆင်းမှုကို ခံနိုင်ရည် ရှိတယ် ဆိုပြီး မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် တရုတ် ပစ္စည်းတွေ အရည်အသွေး မပြည့်ဝတတ်တာ၊ ကိုယ်သုံးမယ့် နေရာရဲ့ အပူချိန်က သာမာန်ထက် ပိုအေး၊ ပိုပူတတ်တာတွေကို ထည့်သွင်း တွက်ချက်ပြီး အဲဒီ ဝါယာကြိုးဟာ အမြင့်ဆုံး 30 Amps လောက်သာ ရှိတဲ့ စက်တွေ မှာပဲ သုံးဖို့ အကြံပြုလိုပါတယ်။ အောက်က ဇယားလေးမှာ ပြန်ပြီး နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ 


Friday, June 26, 2015

7 Segment Display with IC 4511



IC 4511 က CMOS အမျိုးအစား BCD to 7 Segment Decoder IC ဖြစ်ပါတယ်။ သူ့ရဲ့ အဓိက လုပ်ငန်း ကတော့ BCD Output က Logic State ကို ပြောင်းလဲ ပေးရန်ပင် ဖြစ်ပါတယ်။ Pin ပုံစံကတော့ ပုံထဲက အတိုင်းဖြစ်ပြီး Common Cathode 7 Segment Display ကိုသာ မောင်းနှင် ပေးနိုင်ပါတယ်။ Pin စုစုပေါင်း 16 pins ပါဝင်ပြီး Test Circuit ကို အောက်မှာ လေ့လာလို့ ရပါတယ်။ IC နဲ့ ပတ်သက်လို့ ပိုပြီး အသေးစိတ် သိလိုရင်တော့ ဟောဒီမှာ သွားကြည့်လို့ ရပါတယ်။ 

Circuit ထဲမှာတော့ Button လေးခု အသုံးပြုပြီး Binary Coded Decimal(BCD) တန်ဖိုးကို ကိုယ်စားပြုပြီး Input ထည့်သွင်း ပေးထားပါတယ်။ အလွယ် ပြောရရင်တော့ Button လေးခုရဲ့ တန်ဖိုးတွေက 1, 2, 4 နှင့် 8 အသီးသီး ဖြစ်ပြီး ကိုယ်ဖေါ်ပြမယ့် Decimal ရအောင် On/Off ပြုလုပ်ပေးရမှာပါ။ ဥပမာ 7 ပေါ်စေချင်ရင် 1+2+4=7 ဆိုတော့ 1,2,4 Button တွေကို On ပေးထားရမှာပါ။ Current Limiting Rresistors တွေက 330R ဖြစ်ပြီးတော့ Voltage Divider Resistors တွေကတော့ 10K စီ သုံးပြီး Proteus 8 Professional ရဲ့ ISIS feature နဲ့ ဆွဲပြီး Simulate ပြုလုပ်ထားတာပါ။ 

Circuit မှာ နားလည်ရ လွယ်ကူပြီး လက်တွေ့ တည်ဆောက်ရန် လွယ်ကူပါတယ်။ သို့ပေမယ့် Decimal Number တွေကို ဖေါ်ပြနိုင်ရန်သာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Counter ကဲ့သို့ အသုံးပြုရန် မှာမူ ထပ်မံ Modify ပြုလုပ်ရန် လိုအပ်မှာ ဖြစ်ပါတယ်။

Tuesday, June 2, 2015

1.1 Setting up a Workspace

Experiment များကို အဆင်ပြေ ချောမွေ့စွာ ပြုလုပ်နိုင်ရန် အတွက် အောက်ပါ အချက်အ လက်များကို ရှေးဦးစွာ ပြင်ဆင် ထားသင့်လှ ပါသည်။ ပြင်ဆင် ရမှာတွေ ကတော့
  1. Workarea (လုပ်ငန်းခွင်)
  2. Tools (ကိရိယာများ)
  3. Supplies (ထောက်ပံ့ပစ္စည်းများ) ဖြစ်ပါသည်။

1. Workarea (လုပ်ငန်းခွင်)
Experiment များ အဆင်ပြေ ချောမွေ့စွာ ပြုလုပ်နိုင်ရန် လိုအပ်သော လုပ်ငန်းခွင် အဆင်အပြင်နှင့် ပစ္စည်းများ၏ အနေ အထား တွေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • Workbench (အလုပ်စားပွဲ)။     ။ သစ်သားဖြင့် ပြုလုပ်ထားသော သင့်တော်သည့် နေရာအ ကျယ် အဝန်းရှိသော စားပွဲ ကုလားထိုင်
  • Electrical Power (လျှ ပ်စစ်မီး)။     ။ ခဲဂဟေ နှင့် အခြားသော တိုင်းတာရေး ကိရိယာများ အတွက် လိုအပ်သော AC (Alternating Current) ပါဝါ၊ သတိ ချပ်ရန်မှာ လျှပ်ကူးမှု အလွယ်တကူ ဖြစ်စေနိုင်သော သတ္တုများ အသုံးပြုထားသည့် စားပွဲ၊ ကုလားထိုင် များကို အသုံးမပြုမိရန် ဖြစ်ပါသည်။

2. Tools (ကိရိယာများ)
Experiment များ ပြုလုပ်ရန် ကိရိယာ တန်ဆာပလာများ အနည်းအများ ဆိုသလို လိုအပ် လေ့ရှိပါသည်။ ကိရိယာ အများစုမှာ ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ရရှိနိုင်ကြပါသည်။ လုံခြုံ ရေးအရ စိတ်ချရမှု မရှိသော ပစ္စည်းများ အသုံးပြုခြင်း ကိုမူ ရှောင်ကြဉ် သင့်ပါသည်။ လိုအပ်သော ကိရိယာ အမျိုးုအစား များမျာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 
 
  • Digital (or) Analog Multimeter။ ။ ဗို့အား ၊ လျှပ်စီးကြောင်း နှင့် ခုခံမှု အစရှိသော တန်ဖိုးများအား တိုင်းတာ တွက်ချက်ရန် ဖြစ်ပါ သည်။ နှစ်မျိုးစလုံး ရှိပါက ပိုမို သင့်လျော်ပါသည်။
  • Sensitive Voltage or Audio Detector။ ။ အီလက်ထရောနစ် signal များ၊ အသံလှိုင်းများနှင့် အခြားသော လှိုင်းများကို တိုင်းတာ သိရှိ နိုင်စေရန် ဖြစ်ပါသည်။
  • Solderless Breadboard or Projectboard။ ။ Prototyping board သို့မဟုတ် Proto-board ဟုလည်း ခေါ်ဆို ကြပါသည်။ ပစ္စည်း အစိတ် အပိုင်း များကို အသေ ချိတ်ဆက် စရာ မလိုဘဲ လိုအပ်သလို ပြောင်းလဲ စမ်းသပ်နိုင်ရန် အထူးတလည် စီစဉ် ထားပေးသော ပုံတူ ပတ်လမ်း ဖြစ်ပါသည်။
  • Wire Stripper ။ ။ Plier ဖြစ်စေ၊ ဓါးဖြစ်စေ ဝါယာကြိုးကို ခွာထုတ်ပြီး လျှပ်ကူးမှု ကောင်းမွန် စေရန် လည်းကောင်း၊ ခဲဂဟေဆက်ရေး အဆင်ပြေစေရန် လည်းကောင်း ပြုလုပ် ပေးနိုင်သော ကိရိယာ ဖြစ်ပါသည်။
  • Jumper Wires ။     ။ ပတ်လမ်းအတွင်း ယာယီ ချိတ်ဆက်မှုများ ပြုလုပ် ပေးနိုင် စေသော ကိရိယာ ဖြစ်ပါ သည်။
  • Screwdrivers ။     ။ ကိရိယာ သေတ္တာ မှန်သမျှတွင် ဝက်အူလှည့် တစ်စုံသည် မပါမဖြစ်သော ကိရိယာ တစ်ခု ဖြစ်ပါ သည်။ အရွယ်အစား အမျိုးမျိုး ရှိသော်လည်း Tester အရွယ်အစား တစ်စုံ ဆိုလျင် လုံလောက်ပါသည်။
  • Soldering Iron and Solder ။     ။ ပတ်လမ်းများကို တည်ဆောက်ရန်၊ အချို့ ချိတ်ဆက်မှုများကို ခိုင်မာအောင် လိုအပ်လာပါက မရှိမဖြစ်သော ကိရိယာ တစ်စုံ ဖြစ်ပါသည်။
  • Holder ။     ။ ပစ္စည်းများကို တင်းကျပ်စွာ ကိုင်တွယ်နိုင်ရန်၊ ခဲဂဟေဆက်ရာတွင် ခြေထောက်တို ပစ္စည်းများ အား လွယ်ကူစွာ ထိန်းထားပေးနိုင်စေရန် အတွက် အသုံးဝင်သော ကိရိယာ ဖြစ်ပါသည်။
  • Component Box ။     ။ Electronics အစိတ် အပိုင်း များသည် သေးငယ်ပြီး လျှပ်ကူးမှု ကဲ့သို့သော ကိစ္စ ရပ်များကို အမြဲ ဂရုပြုရန် လိုအပ်ပါသဖြင့် ယင်းအစိတ် အပိုင်းများအား သင့်လျော်သလို သိမ်းဆည်း သင့်ပါသည်။ ထို့ကြောင့် အမျိုးအစားများ ခွဲခြားပြီး သိမ်းဆည်းနိုင်သော အခန်းငယ် များများ ပါဝင်သော သေတ္တာ တစ်လုံးသည်လည်း မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်း တစ်ခုဖြစ်ပါသည်။ 
<< Chapter 1: Science and Electronics    Chapter 2: Using Voltmeter >>

Monday, June 1, 2015

Chapter 1: Science and Electronics

သိပ္ဗံနှင့် နည်းပညာ ဆိုင်ရာ လေ့လာမှုတွေ၊ ဓါတ်ခွဲ စမ်းသပ်မှု တွေနှင့် သုတေသန ပြုတာတွေက ပုံမှန်အားဖြင့် စားရိတ် ကြီးမြင့်လေ့ ရှိကြပါတယ်။ ဒါပေမယ့် Electronics ပိုင်းဆိုင်ရာ နယ်ပယ်၏ လက်တွေ့လေ့လာ၊ စမ်းသပ်၊ သုတေသန ပြုလုပ်ရေး လုပ်ငန်း တွေကတော့ စားရိတ် သက်သက် သာသာနဲ့ပဲ အဆင့်မြင့် လုပ်ငန်းကြီးတွေ ကိုတောင် ပြုလုပ်နိုင်တာကို ဝမ်းမြောက်ဖွယ် တွေ့ရှိရ ပါတယ်။ သိပ္ဗံနှင့် နည်းပညာ ဆိုင်ရာ အတွေ့ အကြုံနှင့် ဗဟုသုတ ပြည့်စုံ ကြွယ်ဝရေး မှာလည်း လက်တွေ့ လေ့လာ၊ ဆန်းစစ် အဖြေရှာမှုတွေ အပေါ်မှာ အခြေပြု တည်ဆောက်ထားတာ ဆိုတော့ Electronics ပညာ လေ့လာ လိုက်စားသူ တွေဟာ စားရိတ် သက်သက်သာသာနဲ့ အဆင်မြင့် ပညာရပ်တွေကို လေ့လာလိုက်စားခွင့် ရရှိနိုင်သော အခွင့်ထူးခံ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အကြောင်း ကိုယ်တိုင် မှတ်ယူကြစေလိုပါတယ်။

Electronics လက်တွေ့ လုပ်ငန်းတွေ ပြုလုပ် နိုင်ရန်အတွက် အခြေခံ လိုအပ်မှုပေါင်း များစွာကို ပြင်ဆင်ရန် လိုအပ်လေ့ ရှိပါသည်။ အကြောင်းမှာ လက်တွေ့ လေ့လာမှုမှ ရရှိသော ရလာဒ်နှင့် သီအိုရီမှ အချက်အလက် များကို နှိုင်းယှဉ် ချင့်ချိန်ရာတွင် လည်းကောင်း၊ အခြား  လေ့လာသူ များ၏ ရလာဒ် များနှင့်လည်း  နှိုင်းယှဉ် ချင့်ချိန် ရာတွင်လည်းကောင်း မြင်သာထင်ရှားစွာ သိမြင်နိုင်စေရန် အတွက် ပြင်ဆင် တည်ဆောက်မှု များစွာ လိုအပ် သောကြောင့် ဖြစ်ပါသည်။

လက်ရှိ experiment များသည် သဘောတရား ပုံစံတူ ပတ်လမ်းပေါင်း များစွာကို အခြေခံ တည်ဆောက် ထားခြင်း ဖြစ်သည့် အတွက် experiment တစ်ခုကို လေ့လာဆဲ၊ လေ့လာပြီး အချိန်တွေမှာ မည်သို့မည်ပုံ ထပ်မံတိုးချဲ့ တည်ဆောက် သင့်သည်၊ အခြားသော မည်သည့် ပတ်လမ်း များနှင့် သဘောတရား တူညီသည် အစရှိသဖြင့် တိုးချဲ့ စဉ်းစားမှုများကို တပြိုင်တည်း ပြုလုပ်ကာ အ တွေ့အကြုံနှင့် အသိတရားများကို တိုးချဲ့ တည်ဆောက် သွားသင့်ပါသည်။

Experiment များ လုပ်ဆောင် နေစဉ် အတွင်း ပတ်လမ်းများ ထင်မှတ် ထားသည့်အတိုင်း အလုပ်မလုပ်ပါက စိတ်ဓာတ်ကျ ရပ်တန့်ခြင်းမျိုး မဖြစ်ဘဲ လုပ်ဆောင်သင့်သည့် အချက်များကို အစီအစဉ် တကျ ပြုလုပ်ကာ အမှား ရှာဖွေခြင်းမျိုးကို ပြုလုပ် သင့်လှပါသည်။ အမှားရှာခြင်း(Troubleshooting) သည် အရေးကြီးသော လုပ်ငန်းစဉ် ဖြစ်သည့် အတွက် အရည်အသွေးမြင့်သူ Electronics သမား တစ်ဦး ဖြစ်ရေးအတွက် ရှုထောင့် မျိုးစုံမှ သုံးသပ် ဆင်ခြင် စဉ်းစားခြင်းဖြင့် အားထုတ်သင့် ပါသည်။ အမှားများသည် အများအားဖြင့် experiment တည်ဆောက်ရာတွင် ဖြစ်လေ့ရှိသော ဝါယာ ချိတ်ဆက်မှု မမိခြင်း (lose wire)၊ ပစ္စည်းတန်ဖိုး မှားယွင်း သုံးစွဲမိခြင်း စသည့် အခြေခံ အမှားများသာ ဖြစ်လေ့ရှိရာ အာရုံတစိုက် ပြန်လည် စစ်ဆေးခြင်း၊ တတ်သိ နားလည်သူများ ထံမှ အကြံဥာဏ် ရယူခြင်း တို့ဖြင့် လွယ်ကူစွာ ဖြေရှင်း နိုင်သည်ချည်း ဖြစ်ပါသည်။

Experiment များသည် အခြေခံ အားဖြင့် လုံခြုံမှုကို ဦးစားပေး တည်ဆောက် ထားပါသော်လည်း လေ့လာ တည်ဆောက်စဉ် ကာလ အတွင်း ပြုလုပ် မိတတ်သော အမှား များကြောင့် မျှော်လင့် မထားသော အကျိုးဆက်များ၊ အန္တရယ် ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အထူး သတိချပ်ကာ ပြုလုပ်စေ လိုပါသည်။ ထို့ကြောင့် အမှားအယွင်း ကင်းရှင်းပြီး လုံခြုံစိတ်ချစွာဖြင့် အကျိုးရှိရှိ လေ့လာနိုင်ရေး “Safety First” ကို ရှေ့တန်းတင် လိုက်နာကျင့်သုံးပြီး ညွှန်ကြားချက် များကို တိကျစွာဖြင့် လိုက်နာခြင်း၊ မရှင်းလင်း သည်များ ကို သေချာစွာ မေးမြန်းပြီး အကြံဥာဏ် ရယူ ဖြေရှင်းခြင်း နည်းလမ်း များဖြင့် အောင်မြင်မှု ဆီသို့ အေးချမ်းစွာ ချဉ်းကပ်ရောက်ရှိ နိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။