d3dx9_43.dll ဆိုတဲ့ ဖိုင်လေး မရှိလို့ ဆိုပြီး တင်လိုက်တဲ့ Game တွေ မဆီမဆိုင် ဆော့မရတာ မကြာခဏ ကြုံကြမှာပါ။ တင်တဲ့ Game ကို တင်လိုက်ဖြုတ်လိုက်နဲ့ နောက်ဆုံး Windows ကိုပါ ရောပြီး ပြသနာ ရှာမိတတ် ကြပါတယ်။ အဓိက ပြသနာရဲ့ အဖြေက Game ဖိုင်နဲ့ Windows မဟုတ်ပါဘူး။ အနောက်ပိုင်းက Graphic အထောက်အပံ့ ဖြစ်တဲ့ Direct X လို့ ခေါ်တဲ့ Program နဲ့ သက်ဆိုင်တာပါ။
ပြသနာက Direct X မရှိလို့၊ ရှိရင်လည်း Version မကိုက်လို့ ဒီအခြေအနေ ကြုံရတာပါ။ အဲဒီ လိုအပ်တဲ့ ဖိုင်လေးကို ရှာပြီး လိုအပ်တဲ့ နေရာကို ထည့်ပေးလိုက်ရင် အဆင်ပြေပါပြီ။ ဖိုင်ကိုတော့ http://www.dll-files.com/ မှာ Download လုပ်လို့ ရပါတယ်။ တင်မဲ့ စက်နဲ့ ကစားမယ့် Game လိုအပ်မှု ပေါ်မူတည်ပြီး error file အမည် ကွာမှာပါ။ ဥပမာ d3dx9_43.dll မဟုတ်ဘဲ d3dx9_25.dll ဖြစ်နေတတ်တာ စသဖြင့်ပေါ့။ d3dx9_xx.dll ဒီလို ပုံစံဆိုရင်တော့ ခုလို ဖြေရှင်းလိုက်တာနဲ့ အဆင်ပြေ သွားမှာပါ။
ဖြေရှင်းရမှာက လိုအပ်တဲ့ ဖိုင်ကို Download ဆွဲပြီး C:\Windows\System32 မှာ သွားထည့်ပေး ရမှာပါ။ ကိုယ်က Computer နဲ့ သိပ်မရင်းနှီးသူ ဆိုရင်တော့ အဲဒီ လိပ်စာက ဖိုင်တွေကို သွားပြီး မထိတာက ပိုကောင်းမှာပါ။ အဲဒီတော့ ခုပေးတဲ့ နည်းလေးနဲ့ လုပ်လိုက်ပါ ပြသနာ ကင်းကင်းနဲ့ အဆင်ပြေ ပါလိမ့်မယ်။ လိုအပ်တဲ့ ဖိုင်က DirectX end-user runtime installer ကို လိုတာပါ။
- Microsoft Download Center ကို သွားပါ။
- Search Box မှာ DirectX end-user runtime installer ရိုက်ထည့်ပြီး Search ကို နှိပ်ပါ။
- DirectX end-user runtime web inistaller ကို Download ဆွဲပြီး Install လုပ်လိုက်ပါ။
- Web Installer ဖြစ်တဲ့အတွက် Internet လိုမှာပါ။ လိုအပ်တဲ့ ဖိုင်တွေ ထပ်ဆွဲရမှာ မို့လို့ပါ။
- လိုင်းမကောင်းတာ သိမ်းထားချင်တာ ဆိုရင်တော့ Offline Installer ကို Download လုပ်ပါ။
- Download ပြီးသွားရင်တော့ Install ပြုလုပ်ပြီး နှစ်သက်ရာ Game ကို Run နိုင်ပါပြီ။