တစ်ခါ တစ်လေမှာ ကိုယ့်ဖုန်းက ပျက်တာလည်း မဟုတ်ဘူး အလုပ်လည်း လုပ်နေတယ်။ ဒါပေမယ့် တစ်ချို့ ခလုပ်တွေကို နှိပ်မရဘူး ဖြစ်နေတာ။ သေချာအောင်ပြောရင်တော့ Touch Screen က အားလုံး ပျက်တာ မဟုတ်ဘဲ လိုင်းတစ်လိုင်းတည်း ပျက်နေတာ။ ဆိုင်တွေကလည်း အလုပ်ရှုပ်ခံပြီး ခုပေးမယ့် နည်းမျိုး လုပ်ပေး မယ်မထင်ဘူး။ ဘယ်နေရာ ဘယ်လိုင်း ပျက်နေပြီလဲ ဆိုတာကိုတော့ developer options ထဲက show pointer option ကို ဖွင့်ပြီးတော့ Screen ပေါ်မှာ လက်နဲ့ လိုက်ဆွဲကြည့်ပြီး ရှာလို့ ရပါတယ်။ ပျက်နေတဲ့ နေရာကို သိရပြီ ဆိုရင်တော့ ဆက်လုပ်လို့ ရပါပြီ။
ဥပမာ - ကိုယ့်စက်က အောက်ဆုံး Touch တစ်လိုင်း ပျက်နေတယ် ဆိုပါတော့။ ခလုပ်တွေ အတော်များများ ကလည်း အောက်ဆုံး လိုင်းမှာပဲ ရှိတတ်တော့ ဘယ်လိုမှ နှိပ်မရတော့ဘူး ဆိုင်ကို ပြတော့လည်း Touch ကိုပဲ လဲခိုင်းတယ်။ အဲလို ဖြစ်နေရင်တော့ ဒါလေး လုပ်လိုက်လို့ ရတယ်။ လုပ်တာကတော့ အလုပ်မလုပ်တော့တဲ့ Touch လိုင်းကို Screen ဧရိယာထဲ ကနေ ဖယ်ထုတ်လိုက်တာပါပဲ။
လိုအပ်တာကတော့ ကိုယ့်စက်ကို ADB အင်စတော လုပ်ထားဖို့ လိုပါမယ်။ ADB အင်စတော လုပ်တာက အတွေ့အကြုံ ရှိတဲ့သူအတွက် ပြသနာ မရှိပေမယ့် မလုပ်တတ်ရင် Shuame လို multi function softfware လေး သုံးလိုက်ရင် ဘာမှ ထပ်တင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် မိမိ စက်ကိုတော့ USB Debugging ဖွင့်ထာဖို့ လိုအပ်မှာပါ။ ဖွင့်ထားပြီးရင်တော့ ဆက်လုပ်လို့ ရပါပြီ။
ADB အလွတ် တင်ပြီး လုပ်တဲ့ သူတွေ အတွက်ကတော့ ADB မှာ adb devices ဆိုပြီး မိမိ စက်ကို သိမသိ စမ်းသပ်နိုင်ပါတယ်။ Shuame software သုံးတဲ့သူကတော့ အပေါ်က ပုံမှာ ပြထားသလို သွားလိုက် ရမှာပါ။ ADB အလွတ် သုံးတဲ့သူ တွေကတော့ Commom Prompt ကို Administrator နဲ့ ဖွင့်ပါ။Shuame သုံးရင်တော့ ပုံထဲကအတိုင်း ဒုတိယ ပုံလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ အောက်မှာ ပေးထား တာလေးကို ကိုယ့် Screen အတိုင်း အတာ အတိုင်း ချိန်ပြီး ထည့်သွင်းလိုက်ပါ။ ပြီးရင် Enter ခေါက် Run လိုက်ပါ။
ဥပမာ - ကိုယ့်စက်က အောက်ဆုံး Touch တစ်လိုင်း ပျက်နေတယ် ဆိုပါတော့။ ခလုပ်တွေ အတော်များများ ကလည်း အောက်ဆုံး လိုင်းမှာပဲ ရှိတတ်တော့ ဘယ်လိုမှ နှိပ်မရတော့ဘူး ဆိုင်ကို ပြတော့လည်း Touch ကိုပဲ လဲခိုင်းတယ်။ အဲလို ဖြစ်နေရင်တော့ ဒါလေး လုပ်လိုက်လို့ ရတယ်။ လုပ်တာကတော့ အလုပ်မလုပ်တော့တဲ့ Touch လိုင်းကို Screen ဧရိယာထဲ ကနေ ဖယ်ထုတ်လိုက်တာပါပဲ။
လိုအပ်တာကတော့ ကိုယ့်စက်ကို ADB အင်စတော လုပ်ထားဖို့ လိုပါမယ်။ ADB အင်စတော လုပ်တာက အတွေ့အကြုံ ရှိတဲ့သူအတွက် ပြသနာ မရှိပေမယ့် မလုပ်တတ်ရင် Shuame လို multi function softfware လေး သုံးလိုက်ရင် ဘာမှ ထပ်တင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် မိမိ စက်ကိုတော့ USB Debugging ဖွင့်ထာဖို့ လိုအပ်မှာပါ။ ဖွင့်ထားပြီးရင်တော့ ဆက်လုပ်လို့ ရပါပြီ။
|
---|
adb shell am display-size 480x800
ေ
480x800 ကတော့ ကိုယ့် Screen အလုပ်လုပ် စေချင်တဲ့ ဧရိယာကို ထည့်ပါ။ Run ပြီးလို့ အလုပ်ဖြစ်ပြီ ဆိုရင် ကိုယ့် Screen က ကိုယ်ပေးထားတဲ့ ဧရိယာလောက်ပဲ လင်းတော့တာ တွေ့ရမှာပါ။ ပြန်ပြင်ပြီး ကောင်းသွား တာမဟုတ်ပေမယ့် Touch မလဲလို သေးရင်တော့ သင့်တော်ကောင်းမွန်တဲ့ လက်ပူတိုက် နည်းလေးပဲပေါ့။ အားလုံး အိုကေရင်တော့ အောက်က ပုံလေးအတိုင်း ခလုပ်လေးတွေ အလုပ် လုပ်နိုင်တဲ့ နေရာတွေကို တက်လာတာ တွေ့ရမှာပါ။