Desktop ပေါ်က Icon တွေ ပုံမှန် အတိုင်း မပေါ်တော့တာတွေ၊ အလွယ်တကူ သုံးရအောင် Taskbar ပေါ်ကို pin to taskbar လုပ်ပြီး တင်ထားတဲ့ Icon က ပေါ်သင့်တဲ့ ပုံမပေါ်ဘဲ ရှိတာတွေ ဖြစ်လေ့ ရှိတတ်ကြပါတယ်။ Icon နဲ့ ပတ်သက်တဲ့ Database ဖိုင်လေးနဲ့ ပတ်သက်ပြီး ပြသနာ ရှိတာပါ။ အောက်မှာ ပြောထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ယူသွားရင် အဆင်ပြေသွား ပါလိမ့်မယ်။
- အရင်ဆုံး Hidden ဖိုင်တွေကို မြင်ရမှ အဆင်ပြေမှာ ဖြစ်တဲ့ အတွက် မြင်ရအောင် လုပ်ဖို့ Control Panel ထဲက Folder Option ကို သွားပါ။
- View အောက်က "Show hidden files, folders or Drives" ကို အမှန်ခြစ် ပေးပြီး Apply, OK နှိပ်ပါ။ အဲဒါဆိုရင် ဖျောက်ထားတဲ့ ဖိုင်တွေကို မြင်ရပါပြီ။ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ "Restore to default" ကို နောက်တစ်ကြိမ် လာနှိပ်ပြီး ပြန်ဖျောက်လို့ ရပါတယ်။
- လုပ်ငန်း စလို့ ရပြီဆိုတော့ Windosw Key နှင့် R ( Win+R) ကို တွဲနှိပ်ပြီး Run Windows ကို ခေါ်ပါ။
- "appdata" ဟု ရိုက်ထည့်ပြီး Enter ခေါက်ပါ။
- "Local" Folder ထဲကို ဆက်ဝင်ပြီး အထဲမှာ ရှိနေတဲ့ "IconCache.db" ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါ။
- ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ ပြန်တက် လာရင်တော့ ပုံမှန် အတိုင်း အဆင်ပြေနေတဲ့ Icon လေးတွေကို ပြန်တွေ့ရမှာပါ။