Thursday, September 10, 2015

Wire Guage and Amperes Rating


အိမ်မှာ လုပ်ငန်းတွေ လုပ်လို့ စက်ပစ္စည်းတွေ ထပ်ဝယ်ရင် လက်ရှိ ဝါယာကြိုး နဲ့ အဆင်ပြေမပြေ လဲစရာ လိုမလို စတာတွေကို သေချာ စဉ်းစားဖို့ လိုပါတယ်။ အဲလို စဉ်းစားတဲ့ အခါမှာလည်း တတ်သိ နားလည်သော အဖွဲ့အစည်းနှင့် ဆောင်ရွက်သူတွေကို တိုင်ပင်ပြီး ပြုလုပ်ဖို့ လိုပါတယ်။ တစ်ခါတစ်ရံ အရောင်းဝန်ထမ်းက ရတယ်ပြောတာနဲ့ ဝယ်ပြီး အသုံးပြု တဲ့ အခါတွေလည်း ရှိခဲ့ဖူးကြမှာပါ။ ပိုက်ဆံ ပိုကုန်သွားပြီး ပိုမို လုံခြုံစိတ်ချ သွားတယ် ဆိုရင်တော့ ပြသနာ မရှိပေမယ့် တစ်ခါတစ်ရံမှာ အရည်အသွေး မပြည့်မီတဲ့ ပစ္စည်းတွေကြောင့် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို ပုံမှန် မလုပ်လို့ အန္တရယ် ဖြစ်ကြတာတွေ အပုံကြီး တွေ့မြင်ကြမှာပါ။ 

ဝါယာကြိုးကို အဓိက အားဖြင့် ပါဝင်တဲ့ ဝါယာကြိုး အရွယ်အစား အကြီး အသေးနဲ့ ပါဝင်တဲ့ အရေအတွက် အနည်းအများ အပေါ် မူတည်ပြီး အမြင့်ဆုံး ခံနိုင်ရည်အားကို စဉ်းစားရလို့ပါ။ ဥပမာ - 7/0.044 (ဆဲဗင်း အိုဖိုးဖိုး) လို့ခေါ်တဲ့ အသုံးများတဲ့ မီးကြိုးမှာဆိုရင် 0.044 လက်မ အချင်းရှိတဲ့ ကြေးနီ ဝါယာကြိုး 7 ကြိုး တစ်ပြိုင်နက်တည်း တွဲဆက်ထားတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကြေးနီ ဝါယာကြိုး တစ်ချောင်းဟာ 5 Amps လောက် ခံနိုင်ရည် ရှိတဲ့အတွက် ဟောဒီ 7/0.044 မီးကြိုးစား 35 Amps စီးဆင်းမှုကို ခံနိုင်ရည် ရှိတယ် ဆိုပြီး မှတ်ယူလို့ ရပါတယ်။ ဒါပေမယ့် တရုတ် ပစ္စည်းတွေ အရည်အသွေး မပြည့်ဝတတ်တာ၊ ကိုယ်သုံးမယ့် နေရာရဲ့ အပူချိန်က သာမာန်ထက် ပိုအေး၊ ပိုပူတတ်တာတွေကို ထည့်သွင်း တွက်ချက်ပြီး အဲဒီ ဝါယာကြိုးဟာ အမြင့်ဆုံး 30 Amps လောက်သာ ရှိတဲ့ စက်တွေ မှာပဲ သုံးဖို့ အကြံပြုလိုပါတယ်။ အောက်က ဇယားလေးမှာ ပြန်ပြီး နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ 


Thursday, August 27, 2015

Fixing Icon Problems


Desktop ပေါ်က Icon တွေ ပုံမှန် အတိုင်း မပေါ်တော့တာတွေ၊ အလွယ်တကူ သုံးရအောင် Taskbar ပေါ်ကို pin to taskbar လုပ်ပြီး တင်ထားတဲ့ Icon က ပေါ်သင့်တဲ့ ပုံမပေါ်ဘဲ ရှိတာတွေ ဖြစ်လေ့ ရှိတတ်ကြပါတယ်။ Icon နဲ့ ပတ်သက်တဲ့ Database ဖိုင်လေးနဲ့ ပတ်သက်ပြီး ပြသနာ ရှိတာပါ။ အောက်မှာ ပြောထားတဲ့ အတိုင်း တစ်ဆင့်ချင်း လုပ်ယူသွားရင် အဆင်ပြေသွား ပါလိမ့်မယ်။

  1. အရင်ဆုံး Hidden ဖိုင်တွေကို မြင်ရမှ အဆင်ပြေမှာ ဖြစ်တဲ့ အတွက် မြင်ရအောင် လုပ်ဖို့ Control Panel ထဲက Folder Option ကို သွားပါ။ 
  2. View အောက်က "Show hidden files, folders or Drives" ကို အမှန်ခြစ် ပေးပြီး Apply, OK နှိပ်ပါ။ အဲဒါဆိုရင် ဖျောက်ထားတဲ့ ဖိုင်တွေကို မြင်ရပါပြီ။ အားလုံး အဆင်ပြေပြီ ဆိုရင်တော့ "Restore to default" ကို နောက်တစ်ကြိမ် လာနှိပ်ပြီး ပြန်ဖျောက်လို့ ရပါတယ်။
  3. လုပ်ငန်း စလို့ ရပြီဆိုတော့ Windosw Key နှင့် R ( Win+R) ကို တွဲနှိပ်ပြီး Run Windows ကို ခေါ်ပါ။
  4. "appdata" ဟု ရိုက်ထည့်ပြီး Enter ခေါက်ပါ။ 
  5.  "Local" Folder ထဲကို ဆက်ဝင်ပြီး အထဲမှာ ရှိနေတဲ့ "IconCache.db" ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါ။
  6. ပြီးရင်တော့ စက်ကို Restart လုပ်လိုက်ပါ။ ပြန်တက် လာရင်တော့ ပုံမှန် အတိုင်း အဆင်ပြေနေတဲ့ Icon လေးတွေကို ပြန်တွေ့ရမှာပါ။

Monday, July 13, 2015

Resizing Android Touch Screen

တစ်ခါ တစ်လေမှာ ကိုယ့်ဖုန်းက ပျက်တာလည်း မဟုတ်ဘူး အလုပ်လည်း လုပ်နေတယ်။ ဒါပေမယ့် တစ်ချို့ ခလုပ်တွေကို နှိပ်မရဘူး ဖြစ်နေတာ။ သေချာအောင်ပြောရင်တော့ Touch Screen က အားလုံး ပျက်တာ မဟုတ်ဘဲ လိုင်းတစ်လိုင်းတည်း ပျက်နေတာ။ ဆိုင်တွေကလည်း အလုပ်ရှုပ်ခံပြီး ခုပေးမယ့် နည်းမျိုး လုပ်ပေး မယ်မထင်ဘူး။ ဘယ်နေရာ ဘယ်လိုင်း ပျက်နေပြီလဲ ဆိုတာကိုတော့ developer options ထဲက show pointer option ကို ဖွင့်ပြီးတော့ Screen ပေါ်မှာ လက်နဲ့ လိုက်ဆွဲကြည့်ပြီး ရှာလို့ ရပါတယ်။ ပျက်နေတဲ့ နေရာကို သိရပြီ ဆိုရင်တော့ ဆက်လုပ်လို့ ရပါပြီ။

ဥပမာ - ကိုယ့်စက်က အောက်ဆုံး Touch တစ်လိုင်း ပျက်နေတယ် ဆိုပါတော့။ ခလုပ်တွေ အတော်များများ ကလည်း အောက်ဆုံး လိုင်းမှာပဲ ရှိတတ်တော့ ဘယ်လိုမှ နှိပ်မရတော့ဘူး ဆိုင်ကို ပြတော့လည်း Touch ကိုပဲ လဲခိုင်းတယ်။ အဲလို ဖြစ်နေရင်တော့ ဒါလေး လုပ်လိုက်လို့ ရတယ်။ လုပ်တာကတော့ အလုပ်မလုပ်တော့တဲ့ Touch လိုင်းကို Screen ဧရိယာထဲ ကနေ ဖယ်ထုတ်လိုက်တာပါပဲ။ 

လိုအပ်တာကတော့ ကိုယ့်စက်ကို ADB အင်စတော လုပ်ထားဖို့ လိုပါမယ်။ ADB အင်စတော လုပ်တာက အတွေ့အကြုံ ရှိတဲ့သူအတွက် ပြသနာ မရှိပေမယ့် မလုပ်တတ်ရင် Shuame လို multi function softfware လေး သုံးလိုက်ရင် ဘာမှ ထပ်တင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် မိမိ စက်ကိုတော့ USB Debugging ဖွင့်ထာဖို့ လိုအပ်မှာပါ။ ဖွင့်ထားပြီးရင်တော့ ဆက်လုပ်လို့ ရပါပြီ။ 




ADB အလွတ် တင်ပြီး လုပ်တဲ့ သူတွေ အတွက်ကတော့ ADB မှာ adb devices ဆိုပြီး မိမိ စက်ကို သိမသိ စမ်းသပ်နိုင်ပါတယ်။ Shuame software သုံးတဲ့သူကတော့ အပေါ်က ပုံမှာ ပြထားသလို သွားလိုက် ရမှာပါ။ ADB အလွတ် သုံးတဲ့သူ တွေကတော့  Commom Prompt ကို Administrator နဲ့ ဖွင့်ပါ။Shuame သုံးရင်တော့ ပုံထဲကအတိုင်း ဒုတိယ ပုံလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့ အောက်မှာ ပေးထား တာလေးကို ကိုယ့် Screen အတိုင်း အတာ အတိုင်း ချိန်ပြီး ထည့်သွင်းလိုက်ပါ။ ပြီးရင် Enter ခေါက် Run လိုက်ပါ။ 

adb shell am display-size 480x800
 ေ
480x800 ကတော့ ကိုယ့် Screen အလုပ်လုပ် စေချင်တဲ့ ဧရိယာကို ထည့်ပါ။ Run ပြီးလို့ အလုပ်ဖြစ်ပြီ ဆိုရင် ကိုယ့် Screen က ကိုယ်ပေးထားတဲ့ ဧရိယာလောက်ပဲ လင်းတော့တာ တွေ့ရမှာပါ။ ပြန်ပြင်ပြီး ကောင်းသွား တာမဟုတ်ပေမယ့် Touch မလဲလို သေးရင်တော့ သင့်တော်ကောင်းမွန်တဲ့ လက်ပူတိုက် နည်းလေးပဲပေါ့။ အားလုံး အိုကေရင်တော့ အောက်က ပုံလေးအတိုင်း ခလုပ်လေးတွေ အလုပ် လုပ်နိုင်တဲ့ နေရာတွေကို တက်လာတာ တွေ့ရမှာပါ။