iPad Mini (Global Variant) တစ်လုံး Logo မှာ တင်ရပ်နေလို့ Restore လုပ်ဖို့ စဉ်းစားတော့ Apple ရဲ့ ထုံးစံ အတိုင်း မူလ Version 8.1 ကို ပြန်တင်လို့ မရတော့ဘဲ လက်ရှိ ရောက်နေတဲ့ update အဖြစ်ဆုံး 8.3 ကို Restore and Update လုပ်ခိုင်းတယ်။ 1.4GB ရှိတဲ့ Firmware ကို Onliine ကနေ တိုက်ရိုက် တင်ရင် အသကုန် ကြာသွားမှာဆိုတော့ Firmware ကိုပဲ Internet Download Manager နဲ့ ဆွဲချပြီး တင်တာက ပိုမြန်မယ် ပိုသေချာမယ်လေ။ အဲဒီတော့ သူ့နဲ့ ကိုက်တဲ့ Firmware ကို ဒေါင်းဖို့ လိုလာတာပေါ့။ iDevices တွေက Firmware မမှန်ရင်လည်း တင်လို့ မရဘူးလေ။
အဲဒီတော့ မှန်ကန်တဲ့ Firmware ကို Download လုပ်လို့ ရအောင် ကြည့်ပုံကြည့်နည်းလေး ပြောပြမလို့ပါ။ ကြည့်နည်းတွေကတော့ အများကြီး ရှိပါတယ်။ iDevices တွေရဲ့ နောက်ဘက်က ကုဒ်နံပါတ်လေးကို ကြည့်ကြ တာတွေလည်း ရှိပါတယ်။ ဥပမာ - iPad Mini Global ဆိုရင် A1455 ဆိုပြီး တွေ့ရမယ် စသဖြင့်ပေါ့။ အဲလို ကြည့်ချင်ရင် ဟောဒီ Site လို နေရာတွေမှာ ကြည့်လို့ရပါတယ်။ ကြည့်ပြီးရင်တော့ ဒီလို Site တွေဆီက မှန်တာကို Download လုပ်ယူလိုက်လို့ ရပါတယ်။
အဲဒီ နည်းလမ်းတွေက အင်တာနက် လိုပြီး မှားနိုင်ပါသေးတယ်။ အင်တာနက်လည်း မလိုဘဲ သေချာပေါက် မှန်ကန်နိုင်တဲ့ နည်းလေးကတော့ iTools Software လေးသုံးပြီး ကြည့်နည်းပါ။ Free Tool လေးပါ။ itools.com မှာ အင်္ဂလိပ်လို itools.cn မှာ တရုပ်လို Download ဆွဲလို့ရပါတယ်။ တရုပ် Version ကတော့ update ပိုဖြစ်တာ တွေ့ရပါတယ်။ တစ်ခု သတိထား သင့်တာက iTools ကို သုံးမယ်ဆိုရင် ကိုယ့်စက်ပေါ်မှာ iTunes ကိုတော့ Install လုပ်ထား ရလိမ့်မယ်။ ကိုယ်သုံးတဲ့ Version ပေါ်မူတည်ပြီးတော့ iTunes ရဲ့ Version ကိုလည်း ကိုက်ညီအောင် တင်ထားဖို့ လိုပါမယ်။
(1) ကြည့်နည်းကတော့ Devices ကို Data ကြိုးနဲ့ ဆက်သွယ်လိုက်ပါ။ ဆက်သွယ်မှု အောင်မြင်ပြီ ဆိုရင်တော့ Device ရဲ့ အချက်အလက် အားလုံးကို မြင်ရမှာပါ။
အဲဒီ နည်းလမ်းတွေက အင်တာနက် လိုပြီး မှားနိုင်ပါသေးတယ်။ အင်တာနက်လည်း မလိုဘဲ သေချာပေါက် မှန်ကန်နိုင်တဲ့ နည်းလေးကတော့ iTools Software လေးသုံးပြီး ကြည့်နည်းပါ။ Free Tool လေးပါ။ itools.com မှာ အင်္ဂလိပ်လို itools.cn မှာ တရုပ်လို Download ဆွဲလို့ရပါတယ်။ တရုပ် Version ကတော့ update ပိုဖြစ်တာ တွေ့ရပါတယ်။ တစ်ခု သတိထား သင့်တာက iTools ကို သုံးမယ်ဆိုရင် ကိုယ့်စက်ပေါ်မှာ iTunes ကိုတော့ Install လုပ်ထား ရလိမ့်မယ်။ ကိုယ်သုံးတဲ့ Version ပေါ်မူတည်ပြီးတော့ iTunes ရဲ့ Version ကိုလည်း ကိုက်ညီအောင် တင်ထားဖို့ လိုပါမယ်။
(2) သုံးထားတဲ့ Version ပေါ်လိုက်ပြီး View Details လေးကို ရှာနှိပ်လိုက်ပါ။
(3) Product Type ကို ဖတ်ယူလိုက်ပါ။ ( ဥပမာ - iPhone2,1)
သိရပြီ ဆိုရင်တော့ မှားပြီး Download လုပ်မိတာမျိုး မဖြစ်တော့ဘူးပေါ့။ iDevices Firmware ဆိုဒ်တွေက အနည်းဆုံးကို 1Gb ကျော်တာတွေချည်းပဲ ဆိုတော့ Download လုပ်ဖို့လည်း အချိန်ရော တန်ဖိုးရော မနည်း ဘူးလေ။ iDevices Firmware ဖိုင်တွေက iPhone5,2_8.3_12F70_Restore.ipsw ဒီလို ပုံစံဆိုတော့ ကိုယ်က ProductType ကို ကြည့်လိုက်လို့ iPhone5,2 ဆို မှန်ပြီပေါ့။