Internet Download Manager(IDM) မှာ တစ်ခါတစ်လေ Browser က ဗီဒီယိုနဲ့ သက်ဆိုင်ရာ Download လုပ်ဖို့ ဖိုင်မဆွဲ တာတွေ ဖြစ်တတ်ပြီး တင်လိုက် ဖြုတ်လိုက် ဘယ်လို လုပ်လုပ် အဆင် မပြေ တာတွေ ရှိတတ် ပါတယ်။ အမှန်ကတော့ Browser ကသိအောင် လုပ်ပေးတဲ့ Plug-in ဆိုတဲ့ Software Program က အဆင် မပြေ ဖြစ်နေတတ်တာပါ။ အဲဒါကို သက်ဆိုင်ရာ Browser ရဲ့ Add-on မှာ သွားကြည့်မှ သိမှာပါ။
Mozilla Firefox ဆိုရင် Tools >> Add-ons ဆိုတဲ့ နေရာမှာ သွားကြည့်ရမှာပါ။ အလွယ်ဆိုရင်တော့ Ctrl + Shift + A တွဲနှိပ်ပြီး သွားကြည့်လို့ ရပါတယ်။ ရောက်ရင်တော့ Extensions ကို သွားကြည့် လိုက်ရင် IDM CC ဆိုတဲ့ Software Plug-in လေးကို တင်ထားတဲ့ version အလိုက် တွေ့ရမှာပါ။ အဲဒီ Version က သုံးနေတဲ့ Mozilla Firefox ရဲ့ Version နဲ့ အဆင်ပြေတဲ့ Version မဟုတ်ရင် အလုပ် မလုပ်တော့ တာပါ။
ဖြေရှင်း ဖို့ကတော့ လွယ်ပါတယ်။ သင့်တော်တဲ့ Version ကို တင်ပေးဖို့ပါ။ ရှာပြီး Download လုပ်တင် ရင်လည်း ရပါတယ်။ စိတ်အေးရပြီး လွယ်တဲ့ နည်းကတော့ -
- getidmcc.com ကို သွားပါ။
- အလယ်နားက install button အစိမ်းလေးကို နှိပ်ပါ။
- Address bar မှာ pop-up လေး ပေါ်လာရင် Allow ကို နှိပ်ပေးပြီး ပြီးအောင် စောင့်ပါ။
- ပြီးသွားရင်တော့ အလယ်မှာ install လုပ်ဖို့ windows တက်လာရင် install now ကို နှိပ်လိုက်ပါ။
- နောက်ဆုံး လုပ်ရမှာတော့ install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။
သင့်တော်ရာ Version ကို တင်ပေးတာ ဖြစ်တဲ့အတွက် 100% နီးပါး အဆင်ပြေမှာပါ။ ဒါတောင် အဆင် မပြေ သေးဘူး ဆိုရင်တော့ Firefox က သစ်လွန်းနေတာ မို့လို့ပါ။ Firefox ကို Version နဲနဲ ပြန်နှိမ့်ပြီး တင်ရင် သေချာပေါက် အဆင်ပြေမှာပါ။