iDevices တွေအတွက် အရင်ကထက် နည်းနည်း ထူးခြားတဲ့ app လေးပါ။ ကိုယ်ကြိုက်တဲ့ app ကို Touch ID နဲ့ ပိတ်ထားလို့ ရတဲ့အတွက် Applocker ထက် လူတွေ ပိုစိတ်ဝင်စား စေတာလည်း ဖြစ်ပါတယ်။ Passcode နဲ့လည်း ပိတ်ထားလို့ ရပါတယ်။ BigBoss repo မှာတော့ 2.99 ဒေါ်လာဖြင့် ရနိုင်ပြီး thethmuswe repo မှာတော့ Free ရယူနိုင်ပါတယ်။ iOS version ကတော့ အနည်းဆုံး 7 ဖြစ်ဖို့ လိုအပ်ပြီး device ကိုလည်း jailbreak လုပ်ထားမှ သုံးလို့ ရနိုင်မှာပါ။
အားနည်းချက် အနေနဲ့ကတော့ Third Party app ဖြစ်တဲ့အတွက် အလွယ်တကူ ပြန်လည် remove လုပ်လို့ ရနေတာ ဖြစ်ပါတယ်။ Passcode လည်း ထားချင် မေ့လည်း မေ့တတ်ရင်တော့ သုံးဖို့ သင့်တော်တယ် ပြောရမှာ ပါပဲ။ အလွယ်တကူပဲ repo ထဲ ပြန်ဝင်ပြီး remove လုပ်လိုက်ယုံပါပဲ။ ဒီနည်းနဲ့ပဲ iPhone 5 ပေါ်မှာ passcode နဲ့ app လေးတွေကို ပိတ်ထားပြီး passcode မေ့နေပြီး ပိတ်ထားတဲ့ app တွေ သုံးမရ ဖြစ်နေတာကို ပြန်ရအောင် လုပ်ပေးလိုက် တာပါ။
repo လိပ်စာကတော့ http://thethmuswe.myrepospace.com/ ပါ။