တစ်ခါတစ်ရံမှာ သိပ်အသုံးဝင်တဲ့ ပစ္စည်းလေးပါ။ Samsung device တွေကို Power မပျောက်သေးသရွှေ့ သူက Download mode ထဲဝင်ပြီး Firmware Flash လုပ်လို့ ရအောင် ကူညီပေးမှာပါ။ Samsung device တစ်မျိုးထဲပဲ ရမှာပါ။ ဒါပေမယ့် Brick အများဆုံး ဖြစ်တတ်တာကလည်း Samsung ပါပဲ။ သုံးရတာ ကလည်း လွယ်ကူပါတယ်။ USB Jig လို့ ပြောထားတဲ့ အတိုင်း USB interface လေးနဲ့ပါ။
- ဖုန်းကို ဘက်ထရီ ဖြုတ်ပါ။
- USB Jig ကို အားသွင်းပေါက် (Micro USB interface) မှာ တပ်လိုက်ပါ
- ဘက်ထရီကို ပြန်တပ်လိုက်ပါ။
Download mode ထဲကို တစ်ခါတည်း တန်းဝင်သွားမှာပါ။ အဲဒါဆိုရင်တော့ Odin နဲ့ Firmware ပြန်တင်လို့ ရပြီပေါ့။ လုပ်ပုံလုပ်နည်းကလည်း မခက်ပါဘူး။ ဆေးတစ်မယ် ရှိထားတော့ ရောဂါဖြစ်မှာ မစိုးရိမ် ရတော့ ဘူးပေါ့။